၁ရက် ၁ကြိမ်၁မိနစ် လျှာလေ့ကျင့်ခန်းလေး လုပ်ရင် မျက်နှာလေးက လန်းလာမှာပါ...
အဆင်မပြေရင် Back တစ်ချက်နှိပ်ပြီး ပြန်ဝင်ကြည့်ပါ။
လျှာလေ့ကျင့်ခန်း လုပ်ရင် မျက်နှာလေးက အဆီကျပြီး လန်းလာမှာ တခုတည်း မဟုတ်ပဲ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုလည်း ကောင်းလာမှာပါ။
လျှာလေ့ကျင့်ခန်းကို မနက်အိပ်ရာထတဲ့အခါလုပ်ရင် ၁ရက်၁ကြိမ်၁မိနစ် သင့်တော်ပါတယ်။
အသေးစိတ်ကိုတော့ အောက်မှာရေးထားတယ်နော်။
(၁) လျှာကို တည့်တည့်ထုတ်ပါ။
ပခုံးကိုလျှော့ချပြီး လျှာထိပ်ကို ကိုယ့်ရဲ့မျက်စိနဲ့ မြင်ရတဲ့ တည့်တည့်ဆန့်ထုတ်ပါ။၅စက္ကန့်လောက် လျှာကိုထုတ်ထားပါ။
(၂) လျှာကို အပေါ်ဘက်ကို ဆန့်ထုတ်ပါ။
ပခုံးကိုလျှော့ချပြီး လျှာထိပ်ကို ကိုယ့်နှာခေါင်းကို ထိလောက်အောင် အပေါ်သို့ဆန့်ထားပြီး ၅စက္ကန့်လောက် လျှာကိုထုတ်ထားပါ။
(၃) လျှာကို အောက်ဘက်ကို ဆန့်ထုတ်ပါ။
ပခုံးကိုလျှော့ချပြီး လျှာထိပ်ကို ကိုယ့်မေးစေ့ကို ထိလောက်အောင် အောက်သို့ဆန့်ထားပြီး ၅စက္ကန့်လောက် လျှာကိုထုတ်ထားပါ။
(၄) လျှာကို ညာဘက်ကို ဆန့်ထုတ်ပါ။
ဘယ်ဘက်ပခုံးကို နည်းနည်းနှိမ့်ထားပြီး လျှာထိပ်ကို ညာဘက်သို့ ထုတ်ထားပြီး ၅စက္ကန့်လောက် ထားပါ။
(၅) လျှာကို ဘယ်ဘက်ကို ဆန့်ထုတ်ပါ။
ညာဘက်ပုခုံးကို နည်းနည်းနှိမ့်ထားပြီး လျှာထိပ်ကို ဘယ်ဘက်သို့ ထုတ်ထားပြီး ၅စက္ကန့်လောက် ထားပါ။
(၆) လျှာကို ဘယ်ဘက်၊ညာဘက် ကစားပါ။
ပခုံးကိုလျှော့ချပြီး လျှာကို ဘယ်ဘက်မှ ညာဘက်သို့ စက်ဝိုင်းပုံစံဖြင့် ၅စက္ကန့်လောက် ကစားပါ။
ပြီးလျှင် ညာဘက်မှ ဘယ်ဘက်သို့လည်း စက်ဝိုင်းပုံစံဖြင့် ၅စက္ကန့်လောက် ကစားပါ။
ဒီလေ့ကျင်ခန်းလေးကို လုပ်တဲ့အခါ မျက်နှာကို တည့်တည့်ထားဖို့နဲ့ မေးစေ့ကိုလည်း နည်းနည်းလေးအောက်ကို ချထားဖို့လိုပါတယ်။
Credit:Chelmo Team
No comments